ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲမှာရှိတဲ့ စစ်တောင်းမြစ်ပတ်ဝန်းကျင်က မဲရုံနဲ့ အထိုင်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို စစ်တောင်းမြစ်ထဲစွန့်ပစ်တာ၊ မဲရုံနေရာ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်လာကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတွေကို PDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို စစ်အုပ်စုက ရွာထဲမှာဖြစ်သလိုပဲ မီးရှို့ပစ်တာ၊ မြစ်ထဲစွန့်ပစ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

“စစ်တပ်က သေဆုံးအလောင်းတွေကို စစ်တောင်းမြစ်ထဲမျောတယ်။ မီးရှို့လိုက်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ရေထဲမျောနေတာ ၁လောင်းတွေ့တယ်။ လွှင့်ပစ်လိုက်တာနဲ့တူတယ်” လို့ နေပြည်တော် PDFတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ.စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာတွေဖြစ်တဲ့ ဆွာမကြီးရွာအပါအဝင် အနောက်ဘက်ကမ်းက ခင်တန်းလေးနဲ့ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို မဲထည့်ဖို့ အတင်းအကြပ် ဖိအားပေးနေတာလို့ သူကပြောပါတယ်။

ဒီအတွက် ဒီဇင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဆွာမကြီးရွာ နဲ့ အဲ့ဒီကျေးရွာကို ကာပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းကိုပါ PDF တပ်ရင်းတွေက တချိန်တည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်အုပ်စုဘက် လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်ကူတွေ သုံးခဲ့ပေမယ့်လည်း စစ်သား ၁၀ ယောက်ကျော်သေဆုံးခဲ့ပြီး ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ကြောင်း၊ PDF တပ်ရင်းတွေကတော့ ပိတ်မိနေတဲ့အရပ်သားတွေကို ကယ်ထုတ်ရင်း စစ်အုပ်စုရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုပါ ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရမှုအပြီးမှာပဲ စစ်အုပ်စုတွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာမဲရုံကို အနောက်ဘက်ကမ်းမှာရှိတဲ့ ငါးကြီးကွေ့ရွာကို ပြောင်းရွှေ့လိုက်တယ်လို့ နေပြည်တော် PDF တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိတော့ စစ်တောင်းမြစ်အနောက်ခြမ်းဘက် စစ်တပ်လှုပ်ရှားနေတာတွေ ရှိပါတယ်။ ရွေးကောက်ပွဲကလည်း လုပ်ရမှာဆိုတော့ အင်အားဖြည့်ထားတယ်။ ဆွာမကြီးကမဲရုံကိုလည်း ငါးကြီးကွေ့ရွာဘက်ကို ရွှေ့လိုက်တယ်။ မလုံခြုံလို့ ရွှေ့တယ်ပေါ့” လို့ နေပြည်တော်PDFတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နေပြည်တော် PDF ကတော့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ဖို့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့နေရာတွေကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ဟန့်တားသွားမယ်လို့ အသိပေးထားပါတယ်။
ပုံစာ- တိုက်ခိုက်ခဲ့သည့် ဆွာမကြီးရွာမဲရုံနှင့် မြစ်ထဲမျှောခံထားရသည့် စစ်သားအလောင်းအားတွေ့ရစဥ်

0 Shares:
You May Also Like
Read More

တာမွေမြို့မရဲစခန်းကို ပကဖ တပ်ဖွဲ့ဝင်များ လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တာ​မွေမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းဝန်းအတွင်း ဗုံးသီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။