စစ်အုပ်စုဟာ သူတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေနဲ့ ရပ်ရွာထဲကနေအိမ်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတဲ့အပြင်၊ ပြည်သူတွေကို အတင်းအဓမ္မ မဲထည့်ဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်၊ နေ့လည် ၂ နာရီခွဲဝန်းကျင်အချိန်မှာ တံတားဦးကနေ တက်လာတဲ့ Jet Fighter တစ်စီးဟာ ကြိုးကြာဥကျေးရွာထဲက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၀ ရက်၊ ည ၁နာရီဝန်းကျင်အချိန်မှာလည်း လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ထပ်မံတိုက်ခိုက်ခဲ့လို့ လမ်းမကြီးပေါ်ကို ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်၊ ညနေ ၃နာရီခွဲ အချိန်မှာလည်း မုတ်ဝကျေးရွာကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့လို့ ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံတို့ ပျက်စီးခဲ့ရပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၂၂ ရက်၊ ညနေ ၅နာရီခွဲမှာလည်း မိတ္ထီလာကနေ တက်လာတဲ့ Jet Fighter တစ်စီးဟာ ကောလင်းအနောက်ခြမ်းရှိ နတ်အင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စာသင်ဆောင်နဲ့ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေထည်နဲ့ငွေသားများ ယူဆောင်ကာ မောင်တော နခခ (၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။