နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အင်အား ၂၀ခန့်နဲ့ သံချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံခြုံရေးပေးဖို့အတွက်ရောက်ရှိလာတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ညနေ ၃ခန့်နာရီအချိန်မှာ အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ သဲချောင်းကျေးရွာကို မရောက်မှီ ခေတ္တစခန်းချနေစဥ်မှာပဲ တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ အလစ်ဝင် ပြောက်ကျားဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရတာပါ။

“သေဆုံးထိခိုက် အတည်ပြုတာကတော့ အတွင်းသတင်းတွေက ရတာပါ။ သူတို့က ဖုံးထားကြတယ်… အကျအဆုံး သတင်းကို။ စစ်ကြောင်းကတော့ ရှိနေတုန်းပဲ၊ အင်အားထပ်ဖြည့်ပြီး သူတို့ ကာထားကြတာပေါ့။ ပြည်သူတွေကတာ့ ရှောင်နေကြတာဗျ။ အရင်ကထဲက အနှောက်အယှက်ပေးတာ အကြမ်းဖက်တာရှိတော့ သူတို့လာရင် ကြိုရှောင်ရတာပဲ” လို့ PDF Tatkon၊ တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော်ကောင်းဘွိုင်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဟန့်တားတိုက်ဖျက်ရန်အတွက် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် (၁၈) မှ တပ်ရင်း (၈၀၃၊ ၈၀၂) နဲ့ တပ်ကုန်းမြို့နယ် ပကဖအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်တပ်ရင်း ၁ က ဇန်နဝါရီလမှာ မြေပြင်နဲ့ ဝေဟင်စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ (P27001) -Spring Warriors Column က ဇန်နဝါရီ ၁ လအတွင်း ညောင်လေးပင်ခရိုင်မှာ မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေး ၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ် ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့  တရားဝင်ထုတ်ပြန်၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိ၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက  ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည့် MDY-PDF တပ်ဖွဲ့ထဲ စစ်ကောင်စီက သူလျှိုများ စေလွှတ်ကာ အသွင်ယူထောက်လှမ်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) တပ်ဖွဲ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အတွင်းလူ(သူလျှို၊ ဒလန်) တွေ စေလွှတ်ပြီး အသွင်ယူထောက်လှမ်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။