မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရာအိမ်မှူး ဦးယုကြိုင် ဆိုသူဟာ စစ်ကော်မရှင်အလိုကျ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးကောက်ခံပေးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အမရပူရမြို့နယ် ပလဖထံက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဥယျာဉ်တော်အုပ်စု သာယာအေးကျေးရွာက ရာအိမ်မှူး ဦးယုကြိုင်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာလယ်လမ်းမကြီးပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ရာအိမ်မှူး ဦးယုကြိုင်ဟာ ပြည်သူတွေဆီက လစဉ်စစ်မှုထမ်းကြေးကောက်ခံခြင်း၊ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“သူ ရာအိမ်မှူးလုပ်နေတာ အာဏာသိမ်းပြီးကတည်းကပါ။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ၁၅ ယောက်လောက်ရှိတယ်။ သူ့ကိုရှင်းလင်းချိန်မှာ ပြန်လည်ခုခံတာမျိုး မရှိလိုက်ဘူး။ သူ့ကိုရှင်းလင်းဖို့ အချိန်ကတော့ ၄ ညအိပ် ၅ ရက်လောက် အချိန်ယူခဲ့ရတယ်” လို့ အမရပူရမြို့နယ် ပလဖ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမရပူရမြို့နယ် ပလဖနဲ့ ငါန်းဇွန်မြို့နယ် SPECIAL. TASK.FORCE (NGAZUN) S.T.F တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီး နောက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာပြီး ပစ်ခတ်ရှင်းလင်းသူတွေရဲ့ မိသားစုဝင်တွေကို မီးရှို့သတ်မယ်၊ နေအိမ်တွေ ချိတ်ပိတ်မယ်လို့ ကြိမ်းဝါးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အမရပူရမြို့နယ် ပလဖ ကတော့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ ဘယ်သူ့ကိုမဆို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ အတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၀၀၀ ကျော် ရှိလာ

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး ပြည်သူ့စစ် ဖြစ်လာသူ ၂ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင် ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြုံးပြုံးလေး ရုပ်ရှင်မှ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် ထိုင်းဘတ် ၄၁၀၀ ကို ခွဲဝေစီးဆင်းရေးအစည်းအဝေး NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

တော်လှန်အနုပညာရှင်တွေရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “ Still We Smile - ပြုံးပြုံးလေး” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသတာကနေ ရရှိလာတဲ့ ငွေတွေကို ပညာရေးကဏ္ဍနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ခွဲဝေစီးဆင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့တယ်လို့ ပြုံးပြုံးလေးရုပ်ရှင် Facebook စာမျက်နှာကတဆင့် သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဝေါနယ်က ဒေသခံတွေကို စစ်အုပ်စုက ရွေးကောက်ပွဲမှာ မဲပေးဖို့ အဓမ္မဖိအားပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဒေသခံတွေကို စစ်ကော်မရှင်တပ်သားတွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အတွက် အဓမ္မဖိအားပေးတာမျိုးတွေရှိနေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိ ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်သား၂၀ ဝန်းကျင်ဟာ ဝေါမြို့နယ်ထဲက ဖိုးဦးစိန်ရွာ ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ရမယ်လို့ စေခိုင်းခဲ့ပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ဆေးဝန်ထမ်းဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို တပ်ရင်း ခမ်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။