ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာ၊ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေတည်ဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မဲထည့်ဖို့အတွက် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ပြည်သူလူထုကို ဖိအားပေးပြီးတော့ မဲထည့်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတွေကို မဖြစ်မနေ မဲထည့်ရမယ်၊ မဲမထည့်တဲ့သူကိုရွေးကောက်ပွဲ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်၊ ဖမ်းဆီးသွားမယ်ဆိုတဲ့ ဖိအားတွေပေးမယ်လို့ ကြားသိရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ယာက မောင်းကို ပြောပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်သားတွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်သားတွေ အဓိက အထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးရွာ နဲ့ အဆိုပါကျေးရွာကို အကွာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းတို့ကို ပစ်မှတ်ထားပြီး တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာ ၄ နေရာပေါ့။ စပြီးတော့ ရှင်းလင်းရေးလုပ်တယ်။ အဓိက ဆွာမကြီးရွာမှာရှိတဲ့ မဲရုံကို ဦးတည်တယ်ပေါ။ ကျန်တဲ့နေရာ ၃ နေရာကိုတော့ ကျနော်တို့ဖြန့်ပြီးတော့ အဓိက စစ်စခန်းတွေကို တိုက်တဲ့သဘောပါ။ အဓိက ပစ်မှတ်ကတော့ ဆွာမကြီးရွာပေါ့နော်။ အဲဒီမှာတချိန် တည်း ၄ နာရီတိုက်ခဲ့ကြတာ။ အချိန်ကတော့ မနက် ၅ နာရီ ၂၀ လောက်ကနေ ၁၀ နာရီခွဲလောက်အထိ ဖြစ်သွားတယ်” လို့  ရဲဘော်လက်ယာက ဆက်ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်သားတွေရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း အနောက်ဘက်ကမ်းက စစ်ကော်မရှင်တပ်သားတွေဟာ အရှေ့ဘက်ကမ်းကို စစ်ကူအင်အားအများအပြား ဖြည့်တင်းခဲ့သလို လေယာဉ်ဗုံးကြဲတာတွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူတာတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မဲရုံကိုရှင်းလင်းလိုက်တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာက မဲရုံကို အနောက်ဘက်ကမ်း ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

Video – ပဲခူးတိုင်းစစ်ဌာန

0 Shares:
You May Also Like
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

MBT အထူးကွန်မန်ဒိုရဲဘော်တွေက မြင်းခြံမြို့မှာ ‌သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင်ကို မင်းသိုက်ကို တိုက်ခိုက်ရှင်းလင်းမှု ရုရှားပြန်၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို MBT အထူးကွန်မန် ဒိုရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ ရုရှားပြန် ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံးခဲ့တယ် လို့ Myingyan Black Tiger တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ပဲခူးခရိုင် အမှတ် (၃) တပ်ရင်း ၃၇၀၃ တပ်ခွဲ (၂) တပ်ခွဲ (၃) ဖာပွန်စစ်ကြောင်းကနေ ညဘက်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်တွေကို ပြည်သူတွေက ပန်းတွေနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေး-နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ် ၁ စီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက  ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။