စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non – CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non – CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီထံက သိရပါတယ်။

Non – CDM ဝန်ထမ်းတွေကို စီမံခန့်ခွဲနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးဆပ်ကော်မတီ (ပုဂ္ဂလိက ကဏ္ဍ) ကိုလည်း ထပ်ဆင့်ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေက ပုဂ္ဂလိက Non – CDM ဝန်ထမ်းတွေအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို မျက်နှာမူတဲ့အနေနဲ့ Advisor ၊ Supervisor စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အောက်ခြေဝန်ထမ်းတွေအနေနဲ့ အခုဖိတ်ခေါ်ကြေညာစာ ထွက်ပြီးတဲ့အချိန်ကစလို့ စစ်ကော်မရှင်လက်အောက်ကနေ အပြီးတိုင်ထွက်ခွါကာ တော်လှန်ရေးကို ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အခုလို ဖိတ်ခေါ်ကြေညာချက်ကို လိုက်နာခြင်းမရှိရင် မြို့နယ်ပုဂ္ဂလိက Non – CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီအနေနဲ့ အကြမ်းဖက်အားပေးသူ စစ်ကောင်စီထောက်တိုင်ဝန်ထမ်းတွေလို့ သတ်မှတ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့်ရုံးများ

“ကော်မတီက သတ်မှတ်ထားတဲ့ အချိန်ကာလကျော်တဲ့သူတွေဆိုရင် အစ်ကိုတို့က ဆိုက်ထဲကနေ သူတို့အလည်ပြန်လာတာတွေရှိတယ်လေ။ အဲလိုအလည်ပြန်လာတဲ့သူတွေဆို အစ်ကိုတို့ဖမ်းပါမယ်၊ တစ်ချိန် တော်လှန်ရေးအောင်မြင်လာတဲ့ တစ်နေ့မှာလည်း တောက်လျှောက် တော်လှန်ရေးစကတည်းက CDM မလုပ်ဘဲနဲ့ စစ်ထောက်တိုင်အဖြစ် အားပေးတဲ့ ဝန်ထမ်းအားလုံးကို အခုလက်ရှိကော်မတီအနေနဲ့ တရားစွဲဆိုပြီးတော့ အပြစ်ပေးအရေးယူမှာပါ”လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပုဂ္ဂလိက Non – CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

Non – CDM ဝန်ထမ်းတွေအနေနဲ့ ဖိတ်ခေါ်ချက်အတိုင်း ပူးပေါင်းဆောက်ရွက်မှုမရှိရင် သူတို့ရဲ့ အမည်၊ ရာထူး၊ နေရပ်လိပ်စာနဲ့တကွ နာမည်ပျက်စာရင်းကြေညာပြီး ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းကာ ဥပဒေနဲ့အညီတရားစွဲဆို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖိတ်ခေါ်ချက်အတိုင်း လိုက်နာတဲ့ဝန်ထမ်းတွေကိုတော့ ပြစ်မှု၊ ပြစ်ဒဏ်မရှိဘဲ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး မိသားစုဝင်တွေက အာမခံရမှာဖြစ်ကြောင်း၊ ခံဝန်ကတိချိုးဖောက်ပြီး အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ရင် အာမခံသူ မိသားစုဝင်က ဝန်ထမ်းရဲ့ လုပ်ခလစာတစ်နှစ်စာကို အာမခံလျော်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ပြီး ဝန်ထမ်းကို ဥပဒေနဲ့အညီအရေးယူဆောက်ရွက်သွားမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း ထွက်လာတဲ့ ဝန်ထမ်းတွေဟာ ကော်မတီက သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေပေးဆောင်ခြင်း၊ ခံဝန်ကတိထိုးခြင်းနဲ့ မိသားစုဝင်က အာမခံခြင်းတို့ကို လုပ်ဆောင်ပေးရမှာဖြစ်သလို မတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ ထွက်လာတဲ့ ဝန်ထမ်းတွေကိုတော့ ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသမှုခံယူရာမှ မိခင်ဌာနေသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငဖဲတွင် စစ်ကောင်စီတပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ဦးသေ၊ MA 1 သေနတ် ၁လက်နှင့် ကျည်ဘောက်များ ACDF ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။