တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ MWD News (မြဝတီသတင်း) စာမျက်နှာကို မြန်မာစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေတာပါ။

စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် Justice For Myanmar က TikTok ထံ စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့ပြီးနောက် အခုလို TikTok က MWD အကောင့်ကို ဖြုတ်ချလိုက်တာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

TikTok နဲ့ အခြားနည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ ၄င်းတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ကြဖို့ ဆက်လက်တောင်းဆိုတယ်လို့လည်း JFM ကထုတ်ပြန်ထားပါတယ်။

အခုလို တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများတဲ့ TikTok က (တရုတ်မိတ်ဖက်) စစ်တပ်ရဲ့ မီဒီယာအကောင့်တစ်ခုကို ဖယ်ရှားဖြုတ်ချလိုက်တာမျိုးကို ယခင်ကမကြားဖူးခဲ့ကြောင်းနဲ့၊ ဒါကြောင့် ဒါဟာ စစ်တပ်အပေါ် သိသာထင်ရှားတဲ့ အရေးယူမှုဖြစ်စေခဲ့တယ်လို့ ဒီဂျစ်တယ်အရေး တက်ကြွလှုပ်ရှားသူများက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်း လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်းရှိ ကျေးရွာတွေမှာ စလင်းမြို့နယ်(ပ.က.ဖ)၊ဒု-တာဝန်ခံ(ပြည်သူ့ရေးရာ) နဲ့ ရဲဘော်တွေက တော်လှန်ရေးကာလ အသိပညာပေးစကားတွေ ဟောပြောအားပေးခဲ့ပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။