မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ရာအိမ်မှူး ဦးယုကြိုင် ဆိုသူဟာ စစ်ကော်မရှင်အလိုကျ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးကောက်ခံပေးနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အမရပူရမြို့နယ် ပလဖထံက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဥယျာဉ်တော်အုပ်စု သာယာအေးကျေးရွာက ရာအိမ်မှူး ဦးယုကြိုင်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာလယ်လမ်းမကြီးပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ရာအိမ်မှူး ဦးယုကြိုင်ဟာ ပြည်သူတွေဆီက လစဉ်စစ်မှုထမ်းကြေးကောက်ခံခြင်း၊ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

“သူ ရာအိမ်မှူးလုပ်နေတာ အာဏာသိမ်းပြီးကတည်းကပါ။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ၁၅ ယောက်လောက်ရှိတယ်။ သူ့ကိုရှင်းလင်းချိန်မှာ ပြန်လည်ခုခံတာမျိုး မရှိလိုက်ဘူး။ သူ့ကိုရှင်းလင်းဖို့ အချိန်ကတော့ ၄ ညအိပ် ၅ ရက်လောက် အချိန်ယူခဲ့ရတယ်” လို့ အမရပူရမြို့နယ် ပလဖ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမရပူရမြို့နယ် ပလဖနဲ့ ငါန်းဇွန်မြို့နယ် SPECIAL. TASK.FORCE (NGAZUN) S.T.F တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီး နောက်နေ့မှာ စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာပြီး ပစ်ခတ်ရှင်းလင်းသူတွေရဲ့ မိသားစုဝင်တွေကို မီးရှို့သတ်မယ်၊ နေအိမ်တွေ ချိတ်ပိတ်မယ်လို့ ကြိမ်းဝါးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အမရပူရမြို့နယ် ပလဖ ကတော့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ ဘယ်သူ့ကိုမဆို ထိထိရောက်ရောက် အပြစ်ပေး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာနဲ့ ကလေးက ကျေးရွာတွေကို သုံးရက်တာအတွင်း ဗုံးအလုံးရေ ၂၀၀ ကျော်နဲ့ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာနဲ့ ကုလကို NUG ကတောင်းဆို

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက ကျေးရွာတွေမှာ သုံးရက်အတွင်း ဗုံးအလုံးရေ ၂၀၀ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရမှုကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ယန်းပိုင်းကျေးရွာကို စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။