ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ဟားခါးမြို့ ခြေလျင်တပ်ရင်း ခလရ ၂၆၆ အနီး တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အတွင်း  ရုန်းတောင် ခလရ ၂၆၆ စခန်းကုန်းမှာ ပစ်ခတ်သံတွေ ဆူညံကာ မီးလောင်နေတာကို တွေ့မြင်ရပါတယ်။ 

အကြမ်းဖက်စစ်တပ်က စခန်းမကျစေရေး လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေပြီး လတ်တလောအခြေအနေကို တော်လှန်ရေးအဖွဲ့တွေက သတင်းမထုတ်ပြန်သေးတဲ့အတွက် အသေးစိတ်မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၄ရက်ကလည်း ဟားခါးမြို့ နယ်အတွင်း စစ်ကောင်စီ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို CDF-Hakha က ပြည်သူပိုင်သိမ်းခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ တိုက်ပွဲဖြစ်ပွားလာတာဖြစ်ပါတယ်။ 

Video – ဒေသခံ

0 Shares:
You May Also Like
Read More

ဘားအံမြို့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''
Read More

ဖလမ်းမြို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား အများအပြား သေ၊ သုံ့ပန်း ၁ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းစစ်ရေးသတင်းမြစ်ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။