ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာ၊ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေတည်ဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မဲထည့်ဖို့အတွက် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ပြည်သူလူထုကို ဖိအားပေးပြီးတော့ မဲထည့်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတွေကို မဖြစ်မနေ မဲထည့်ရမယ်၊ မဲမထည့်တဲ့သူကိုရွေးကောက်ပွဲ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်၊ ဖမ်းဆီးသွားမယ်ဆိုတဲ့ ဖိအားတွေပေးမယ်လို့ ကြားသိရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ယာက မောင်းကို ပြောပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်သားတွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်သားတွေ အဓိက အထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးရွာ နဲ့ အဆိုပါကျေးရွာကို အကွာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းတို့ကို ပစ်မှတ်ထားပြီး တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာ ၄ နေရာပေါ့။ စပြီးတော့ ရှင်းလင်းရေးလုပ်တယ်။ အဓိက ဆွာမကြီးရွာမှာရှိတဲ့ မဲရုံကို ဦးတည်တယ်ပေါ။ ကျန်တဲ့နေရာ ၃ နေရာကိုတော့ ကျနော်တို့ဖြန့်ပြီးတော့ အဓိက စစ်စခန်းတွေကို တိုက်တဲ့သဘောပါ။ အဓိက ပစ်မှတ်ကတော့ ဆွာမကြီးရွာပေါ့နော်။ အဲဒီမှာတချိန် တည်း ၄ နာရီတိုက်ခဲ့ကြတာ။ အချိန်ကတော့ မနက် ၅ နာရီ ၂၀ လောက်ကနေ ၁၀ နာရီခွဲလောက်အထိ ဖြစ်သွားတယ်” လို့  ရဲဘော်လက်ယာက ဆက်ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်သားတွေရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း အနောက်ဘက်ကမ်းက စစ်ကော်မရှင်တပ်သားတွေဟာ အရှေ့ဘက်ကမ်းကို စစ်ကူအင်အားအများအပြား ဖြည့်တင်းခဲ့သလို လေယာဉ်ဗုံးကြဲတာတွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူတာတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မဲရုံကိုရှင်းလင်းလိုက်တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာက မဲရုံကို အနောက်ဘက်ကမ်း ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

Video – ပဲခူးတိုင်းစစ်ဌာန

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရင်း ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆယ်ယူ (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ တရုတ်-မြန်မာ ကန်ဖန့်ရွာကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်တွေ ရေထဲပစ်ချသွားတဲ့ လက်နက်တွေကို ပြန်လည်ဆယ်ယူခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်အုပ်စုကို ဒရုန်းဗုံးကြဲခဲ့သည့်ရုပ်သံ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် ထုတ်ပြန်

အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ PNA တပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မောတောင်စခန်းတိုက်ပွဲအတွင်း စစ်ကောက်မရှင်တပ် ဒုတပ်ရင်းမှူးက ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ၂၀၂၄ ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က “ကြောက်စိတ်တွေကို ဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား”ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်နေမှုပုံရိပ်တွေကို ကျောင်းသားလက်ရုံးတပ်တော်ထုတ်ပြန် (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေဟာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ် တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ ထုတ်ပြန်လိုက်ပါတယ်။