ထိုင်းနိုင်ငံ  စမွတ်စခွန်ခရိုင် မှာ အရက်မူးနေတဲ့ မြန်မာကားသမားကြောင့် မြန်မာ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ  မြန်မာ ၁ ဦးမောင်းနှင်လာတဲ့ ပစ်ကပ်ကားက လူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါ တယ်။

လူမှုကွန်ရက်ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အတွင်း ပစ်ကပ်ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်မိရာကနေ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နဲ့ လမ်းဘေးရှိ ဆိုင်ခန်းတွေကို ဝင်တိုက်မိခဲ့တာကို တွေ့မြင်ရပါတယ်။

ဆိုင်ကယ်စီးနင်းလာသူတွေဟာလည်း မြန်မာလူမျိုးလင်မယားဖြစ်ပြီး အမျိုးသားဖြစ်သူမှာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနဖော်ပြချက်အရ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ရဲ့ ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် မြပုလဲစစ်ဆေးရေးဂိတ်အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

MNDAA ၏ စစ်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး စစ်ကိုင်းတိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးစီးနင်းလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ တိုင်းမှူး မျိုးမင်းထွေး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၅ စီးယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လိုင်ဇာအနီး စစ်တပ် အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စျေးသည် ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ် စျေးတန်းလျားကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အမျိုးသား၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၁၆ ရက် ညနက်ပိုင်းက လိုင်ဇာမြို့ စျေးထဲကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးက ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသားကတော့ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာရှိ ဈေးဆိုင်ခန်းတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၆ ယောက်သေကာ ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေကန်တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကို ဒီဇင်ဘာ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။
Read More

ကပစ -၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ-၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဒေါင်းစစ်အောင်(LPDF)ထံက သိရပါတယ်။