မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ဒုအရာခံဗိုလ် သန်းဝင်းဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်၊ အသံတိတ်သပိတ် ဆင်နွှဲတဲ့နေ့မှာ KRF နဲ့ SOF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

သက်သေခံပစ္စည်းတွေအဖြစ် သန်းဝင်းစီးလာတဲ့ ကိုယ်ပိုင်ကား (၁စီး)နဲ့ အတူ လက်ဝတ်ရတနာတချို့၊ ယာဥ်ဝင်ခွင့်ကဒ်ပြား၊ ဓာတ်ပုံ၊ ထီလက်မှတ်နဲ့ ငွေအကြွေတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)  ထုတ်ပြန်ထားတဲ့ပုံအရ သိရပါတယ်။

ထုတ်ပြန်ထားတဲ့  ရုပ်သံဗီဒိယိုဖိုင်အရ သန်းဝင်းကို ကဒတ်ချောင်းရှိ စာသောက်ဆိုင်တစ်ခုအတွင်း တပ်ဖွဲ့ဝင် ၃၊ ၄ ယောက်လောက်နဲ့ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသည့် သန်းဝင်း၏ ဓာတ်ပုံ

ဖမ်းဆီးရာမှာ လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်တာ၊ အရပ်သားတွေကို ဆဲရေးရိုင်းပြတာမျိုးတွေ မရှိခဲ့ကြောင်းနဲ့ သန်းဝင်းကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပြောပါတယ်။

“သန်းဝင်းကို သက်ဆိုင်ရာကို အပ်ထားပါတယ်” လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ဒီသတင်းကို လုံခြုံရေးအခြေအနေတွေကြောင့် နောက်ကျမှ ထုတ်ပြန်တာဖြစ်ကြောင်းနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် ဖောက်ခွဲမှုနဲ့ ပစ်ခတ်မှုတွေကို လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်း၊ လုပ်ဆောင်သမျှ စစ်ရေးလှုပ်ရှားမှုတိုင်းကိုလည်း အတိအလင်းအသိပေးသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။

သိမ်းဆည်းရမိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ကလေးမှာ ဒရုန်းနဲ့ဂျမ်မာတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်က ကလေး GTC ထဲကနေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခို​က်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ရေတံခါးဂိတ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၅ယောက်သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ရေတံခါးဂိတ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ပျူ ၅ ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လက်အောက်ကနေ  တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီး ပြော 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နှုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။