မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းကျေးရွာ ကဒက်ချောင်းမှာ ရေလာဆော့တဲ့ စစ်တပ် ဒုအရာခံဗိုလ် ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က ပြည်သူတွေ အသံတိတ်သပိတ် ဆင်နွှဲနေချိန်မှာ ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းကျေးရွာ ကဒက်ချောင်းမှာ ရေဆော့ရင်း လာရောက်သောက်စားနေတဲ့ ဒုအရာခံဗိုလ်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်အတွင်း သက်သေခံပစ္စည်းတွေနဲ့အတူ သူပိုင်ဆိုင်တဲ့ ကားတစ်စီးကိုပါ သိမ်းဆည်းခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာကို အပ်နှံထားတယ်လို့ သိရပါတယ်။
Video – Kyaikhto Revolution Force