မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မိုင်းကွင်းလာစစ်တဲ့ အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်လေးအဆင့်ရှိသူအပါအဝင် ၁၆ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Yoma Fighter Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက် မနက်အစောပိုင်းက အောင်လံမြို့အခြေစိုက်၊ အမှတ် (၇၁) ခြေလျင်တပ်ရင်းကနေ ကားနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ရင်းနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။

ကားပေါ်မှာ အကြမ်းဖက်စစ်သား ၂၀ နီးပါး လိုက်ပါလာပြီး အောင်လံမြို့နယ်၊ လှေတုန်းနဲ့ တံခွန်တိုင် ကျေးရွာ ၂ရွာကြားအရောက် မိုင်းကွင်းကိုဆင်းပြီး စစ်ဆေးချိန်မှာ တော်လှန်ရေးတပ်တွေက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Yoma Fighter Column တာဝန်ရှိသူက ပြောပါတယ်။

” ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းသတင်းသိထားလို့ထင်တယ်။ လာပြီး ဆင်းစစ်တယ်။ အဲ့အချိန် ကျနော်တို့တို့ဘက်က မိုင်း ၂ လုံးအရင်ဆွဲပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။” လို့ Yoma Fighter Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နာရီဝက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်လေးအဆင့်ရှိသူအပါ ၁၆ယောက်နီးပါး သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၁ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ရိုးမဖိုက်တာ စစ်ကြောင်းက ဦးဆောင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေပြည်တော်တပ်ရင်း(၉၀၂)၊ နေပြည်တော်တပ်ရင်း(၈၀၄)၊ သရက်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ဗျူဟာအမှတ် (၁၇) တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း အထိနာသွားတဲ့ စစ်အုပ်စုက အခင်းနေရာပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေ ဒရုန်းတွေအသုံးပြုပြီး ရမ်းကားပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးကြောင်း Yoma Fighter Column တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး နောက်တစ်နေ့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာလည်း အောင်လံမြို့နယ်၊ သမ္ဘူလတိုက်နယ်၊ သမ္ဘူလကျေးရွာကို စစ်အုပ်စုက ကပစ (၁၅) ကနေ စစ်အင်အားတွေဖြည့်တင်းခဲ့ပြီး အဲ့ဒီညနေပိုင်းမှာပဲ လက်နက်ကြီးတွေ ရမ်းကားပစ်ခတ်ခဲ့ရာ ဒန်းဒေါင်ဆည် မြောက်ဘက်ခြမ်းကျေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း အောင်လံစစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။