မကွေးတိုင်း၊ ‌အောင်လံမြို့နယ်အတွင်း ခလရ ၂၁ က အင်အား ၂၀ ဝန်းကျင်နဲ့ မိုင်းကွင်းစစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက အောင်လံမြို့နယ် လှေတုန်းနဲ့ တံခွန်တိုင်းကျေးရွာအကြား မိုင်းကွင်း စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဗိုလ်လေးအဆင့် အပါအဝင် စစ်သား ၁၆ ယောက်ထိခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ရိုးမဖိုက်တာ စစ်ကြောင်းက ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yoma Fighter Column

0 Shares:
You May Also Like
Read More

ထားဝယ် ပကာရီယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့မှု ဒူရကစစ်ကြောင်း ထုတ်ပြန် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်အနုပညာရှင် ခါရာ တိုက်တွန်း (ရုပ်/သံ)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူတရပ်လုံး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်အနုပညာရှင် ခါရာက တိုက်တွန်းလိုက်ပါတယ်။ ဒီနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ဖြစ်ပြီး အဲဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။
Read More

မြန်မာစစ်တပ်ကို အရေးယူမှု မလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံသရာ ဆက်လက်ဖြစ်ပွားနေမယ်လို့ သတိပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီကို အရေးယူမှု တစ်စုံတစ်ရာ မလုပ်နိုင်သေးသရွေ့ ရက်စက်ကြမ်းကြုတ်မှု သံသရာ လည်ပတ်နေဦးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က သတိပေး ပြောကြားလိုက်ပါတယ်။
Read More

သိမ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။