ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာ၊ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေတည်ဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မဲထည့်ဖို့အတွက် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ပြည်သူလူထုကို ဖိအားပေးပြီးတော့ မဲထည့်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတွေကို မဖြစ်မနေ မဲထည့်ရမယ်၊ မဲမထည့်တဲ့သူကိုရွေးကောက်ပွဲ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်၊ ဖမ်းဆီးသွားမယ်ဆိုတဲ့ ဖိအားတွေပေးမယ်လို့ ကြားသိရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ယာက မောင်းကို ပြောပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်သားတွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်သားတွေ အဓိက အထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးရွာ နဲ့ အဆိုပါကျေးရွာကို အကွာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းတို့ကို ပစ်မှတ်ထားပြီး တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာ ၄ နေရာပေါ့။ စပြီးတော့ ရှင်းလင်းရေးလုပ်တယ်။ အဓိက ဆွာမကြီးရွာမှာရှိတဲ့ မဲရုံကို ဦးတည်တယ်ပေါ။ ကျန်တဲ့နေရာ ၃ နေရာကိုတော့ ကျနော်တို့ဖြန့်ပြီးတော့ အဓိက စစ်စခန်းတွေကို တိုက်တဲ့သဘောပါ။ အဓိက ပစ်မှတ်ကတော့ ဆွာမကြီးရွာပေါ့နော်။ အဲဒီမှာတချိန် တည်း ၄ နာရီတိုက်ခဲ့ကြတာ။ အချိန်ကတော့ မနက် ၅ နာရီ ၂၀ လောက်ကနေ ၁၀ နာရီခွဲလောက်အထိ ဖြစ်သွားတယ်” လို့  ရဲဘော်လက်ယာက ဆက်ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်သားတွေရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း အနောက်ဘက်ကမ်းက စစ်ကော်မရှင်တပ်သားတွေဟာ အရှေ့ဘက်ကမ်းကို စစ်ကူအင်အားအများအပြား ဖြည့်တင်းခဲ့သလို လေယာဉ်ဗုံးကြဲတာတွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူတာတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မဲရုံကိုရှင်းလင်းလိုက်တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာက မဲရုံကို အနောက်ဘက်ကမ်း ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

Video – ပဲခူးတိုင်းစစ်ဌာန

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် ‌မြောင်းခြားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်အပါ ၇ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ( ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တဲ့ ရုပ်သံကို UK in Myanmar က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မုံရွာ-မန္တလေးကားလမ်းတွင် မိုင်းရှာထွက်လာသည့် အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite - Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 
Read More

ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။