စစ်ကိုင်းတိုင်း၊ ကသာခရိုင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြန်လည်ရယူနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ဒီမနက် ၅ နာရီခွဲလောက်မှာ ဗန်းမောက်မြို့မစျေးထဲကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်စုနဲ့ SNA ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

“ဗန်းမောက်ကို ကာကွယ်ရေးအဖွဲ့တွေ မြို့သိမ်းလုပ်ထားတယ်ပေါ့နော်။ မြို့သိမ်းလုပ်ထားတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ SNA ပူးပေါင်းအဖွဲ့က ပြန်ပြီးထိုးစစ်ဆင်လာတယ်။ အဲ့အချိန်မှာ သူတို့က လေကြောင်းနဲ့ ဗုံးကြဲတာ ဗန်းမောက်မြို့မစျေးထဲကိုကျတယ်။ မြို့မစျေးမီးလောင်သွားတယ်။ လေကြောင်းနဲ့ ဗုံးကြဲပြီး ထိုးစစ်ဆင်လာတဲ့သဘောပါ။ နားထားတာတော့ ၁ ပတ်လောက်ရှိပြီ။ အခုအင်အားဖြည့်ပြီး ပြန်ထိုးလာတာပေါ့။ ထိတွေ့မှုကတော့ နေ့စဉ်နဲ့မပြတ် ရှိတယ်လို့ပြောလို့ရတယ်” လို့ ဗန်းမောက်နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် ၁ ပတ်အလိုလောက်မှာလည်း အကြမ်းဖက်စစ်ကော်မရှင် ပူးပေါင်းတပ် ဗန်းမောက်မြို့ထဲကို စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၂၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ကာ သိမ်းပိုက်ပြီး တစ်လလောက်အကြာမှာ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗန်းမောက်ရဲစခန်း မီးလောင်သွားခဲ့ပါသေးတယ်။

“အဲဒီမြို့မစျေးမှာ လူမရှိဘူး။ မြို့ကို ကာကွယ်ရေးအဖွဲ့တွေ စပြီးသိမ်းပြီဆိုကတည်းက မရှိတော့တာပေါ့နော်။ လက်ရှိအချိန်ထိလည်း ဗန်းမောက်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားဆဲပါ” လို့ အထက်ပါ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။