မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်လာပါတယ်။

အင်အား (၁၅၀) ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာနလက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ကူးတို့ဆိပ်ရွာနဲ့ နှစ်ကရင်ရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲဟာ နေ့လယ် ၂ နာရီခွဲကနေ ၃ နာရီ ၁၅ မိနစ်အထိ မိနစ် ၄၀ ကျော်ကြာ မြင့်ခဲ့ပြီး MSRF ဘက်က ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းက ကူးတို့ဆိပ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်တယ်။ စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးတော့ စစ်ကြောင်းထိုးလာတာပေါ့နော်။ သူတို့ဘက် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၉ ဦး သေတယ်။ ၁၀ ဦး ဒဏ်ရာရတာကို မြေပြင်သတင်းရင်းမြစ်ကနေ အတည်ပြုနိုင်ခဲ့ပါတယ်” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိလဉာဏ်က မောင်းကို ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် ၂၉ ယောက်ခန့် သေဆုံးပြီး ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MSRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဘက်ကလည်း ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ရဲဘော် ၂ ယောက် မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ပါတယ်။

“ကျနော်တို့ဘက်က ရဲဘော် ၂ဦးကလည်း တိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြီးတော့ ၁ယောက်ကလည်း မစိုးရိမ်ရတဲ့ အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တာ ရှိပါတယ်” လို့ မိတလဉာဏ်က ဆက်ပြောပါတယ်။

MSRF အနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဝမ်းနည်းဂုဏ်ပြုပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ အထိနာသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။