မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ခမရ (၃) က စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာချိန် လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဂုံညင်းနွယ်ကျေးရွာအုပ်စု၊ အလူးကြီးနောက်ဘက်ကမ်း ခတ္တာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းမှာရောက်ရှိနေတဲ့ မခိုင်သွယ်၀င်း (၃၀)နှစ်၊ မထွေး၀င်း (၂၃) နှစ်နဲ့ ဒေါ်ချော (၄၉)နှစ်တို့ ၃ ယောက်သေဆုံးခဲ့ပြီး ယောက်ျားလေးတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“ထိတွေ့မှုမရှိဘူး။ သူတို့စစ်ကြောင်းထိုးတာကို လမ်းရှင်းတဲ့အနေနဲ့ ပစ်တာ။ ဘုန်းကြီးကျောင်းထဲကိုကျသွားတာ။ ဒဏ်ရာရတဲ့သူကိုတော့ ရန်ကုန်ကိုပို့ထားရတယ်။ ရွာသားတွေတော့ ရှောင်နေရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပါးကျောင်းတစ်ကျောင်းလည်း ပျက်ဆီးသွားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ အလူးကြီး၊ အလူးလေးတောတဝိုက်မှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်ကလည်း စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့လို့ ရှမ်းစုရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးမောင်လုံး ဆိုသူ ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံများ ထိမှန်သေဆုံးသွားပုံ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်လှေခါးရွာ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းဖြင့် တိုက်ခိုက် 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျောက်လှေခါး‌ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုညီက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲကို ရဖို့ အလုံးရင်းနှင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ထိခိုက်မှုအများအပြားဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူအား သတ်ခဲ့သည့် တရားခံများကို ဖမ်းမိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။