အကြမ်းဖက်စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအတုမှာ ပါဝင်ကူညီနေကြတဲ့ NLD ပါတီဝင် အယောက် ၂၀ ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပယ်ခံရသူတွေဟာ စစ်အုပ်စုအလိုကျ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေ၊ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစာရင်းထဲ NLD အစိုးရလက်ထက် ရန်ကုန်၊ ပဲခူး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ အလုပ်အမှုဆောင်၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးနဲ့ ပြန်ကြားရေး တာဝန်ယူခဲ့သူတွေနဲ့ အဖွဲ့ဝင်ဖြစ်ခဲ့သူတွေ ပါဝင်ပါတယ်။

နိုင်ငံရေးတရားဝင်မှုရရှိစေဖို့ လုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေမလုပ်ဖို့ အဖွဲ့ချုပ်ရဲ့ ကြားကာလဗဟိုကော်မတီ အစည်းအဝေးတွေမှာ အသိပေးထုတ်ပြန် တားမြစ်ထားပြီးဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုထားပါတယ်။

၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးရဲ့ ၈၂.၃၆ ရာခိုင်နှုန်းကို အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ယောက်အထိ ရွေးချယ်တင်မြှောက်ခံထားရတာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ ခု ရှိတဲ့ထဲက ၁,၁၁၇ နယ် (၉၅.၃၈ %) အထိ  ကျင်းပနိုင်ခဲ့ပြီး နိုင်ငံရေးပါတီ ၉၁ ခုက ကိုယ်စားလှယ်လောင်း ၅,၃၇၉  နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၆၀ အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ၇၁ ရာခိုင်နှုန်းကျော် လာရောက် မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အတင်းအဓမ္မ အာဏာလုယူခဲ့ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့အကြီးအကဲတွေ မတရား ဖမ်းဆီးအကျဥ်းချခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲထက် နိုင်ငံကို တည်ငြိမ်အောင်ပြုလုပ်ဖို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများနှင့် မိသားစုဝင်များကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။