မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

အဆိုပါ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့  စက်တင်ဘာလကတည်းက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်က နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ခေတ္တဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စစ်တပ်က အင်အားရာနဲ့ချီပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် AA တပ်ဖွဲ့တွေ ခေတ္တဆုတ်ခွာပေးခဲ့ရပေမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာပဲ AA က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ဂုတ်ကြီးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ အဆိုအရ ဂုတ်ကြီးတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆရာကြီး ကီးချယ် အပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“ဂုတ်ကြီးမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဂုတ်ကြီးနဲ့တူတူ ပွင့်ဖြူတို့ စလင်းတို့မှာလည်း တိုက်ပွဲက တပြိုင်တည်း ပြန်ဖြစ်နေတဲ့ အနေအထားပဲ။ ဂုတ်ကြီးမှာ စစ်တပ်ဘက်က အထိအခိုက်များတဲ့ အနေအထားပါ။ ဒါပေမယ့် ဂုတ်ကြီးကို‌တော့ ဘယ်ဘက်ကနေ သိမ်းလိုက်ပြီဆိုတာတော့ မကြားသေးဘူးပေါ့နော်။ ရှုပ်ထွေးနေတဲ့ အနေအထားပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

ဂုတ်ကြီးစခန်းဟာ AA နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းရဲ့  အဓိက ကာကင်းစခန်းဖြစ်ပြီး ဂုတ်ကြီးစခန်းကို ထိန်းချုပ်နိုင်ရင် ဗျူဟာကုန်းသို့ ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့ လမ်းကြောင်းဖြစ်တာကြောင့် စစ်တပ်က ဂုတ်ကြီးစခန်းကို ပြန်လည်ရရှိဖို့ အသည်းအသန်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

AA ရဲ့ ထုတ်ပြန်ချက်အရတော့ နတ်ရေကန်ဗျူဟာကုန်းရဲ့ ပင်မကုန်းတစ်ခုသာ ကျန်ရှိတော့ပြီး ပတ်ဝန်းကျင်ရှိ စခန်းငယ်အားလုံးကို AA က ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

“ရန်ကုန်ကနေ ရေယာဉ်နဲ့ စစ်ကူတွေ ပို့မယ်လို့ သိရတယ်ဗျ။ ဘယ်တပ်/ ဘယ်လောက် အင်အားဆိုတာတော့ မသိရသေးဘူးပေါ့နော်။ ရခိုင်နဲ့ သူတို့ စကားပြောပုံရပါတယ်။ စကားပြောပြီး အဆင်မပြေတော့ ရခိုင်ကို ရအောင် စစ်ပြင်တဲ့ အနေအထားလို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လှိုင်းဘွဲမြို့နယ် ကျေးနယ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းကောက်ခံဖို့ အတင်းအဓမ္မတောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာရုံးမှာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က ၊ ဃ အုပ်ချုပ်ရေးမှူးတွေနဲ့ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကေမာ့လဲ၊ တခြက္ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တေခးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ ခေါ်ယူပြီး လုံခြုံရေး အစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။