မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ကစလို့ မြိုင်နဲ့ပေါက်မြို့နယ်အထိ သွယ်တန်းထားတဲ့ အဆိုပါ ဓာတ်အားလိုင်းတိုင်တွေဟာ စစ်အုပ်စု ကပစ စက်ရုံတွေအတွက်အရေးပါတာကြောင့် မြိုင်ပကဖနဲ့တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလထဲမှာ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ဆားလင်းကြီးဘက်ကနေ မြိုင်၊ ပေါက်၊ ချောင်းကူး-ပင်မခွဲရုံကို သွယ်တန်းထားတာပါ။ ဒီဓာတ်အားလိုင်းတိုင် ၁၀ တိုင်ကို ကျနော်တို့ ခွဲပစ်ထားတာပါ။

ကပစ ၂၄ ကတော့ လုံးဝမလည်ပတ်နိုင်တော့ပါဘူး။ ၂၃ ရောက်တဲ့အထိပဲ” လို့ မြိုင်ပကဖတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်အတွင်း အဆက်မပြတ် တိုက်ခိုက်နေတဲ့ မုံရွာနမခတက် ဂျိုင်ရိုကော်ပတာတွေကိုလည်း ပွိုင့်ဖိုက်အပါအဝင် W89 လက်နက်တွေနဲ့ မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေတယ်လို့ သူကပြောပါတယ်။

“စစ်ရေးတောက်လျှောက်တင်းမာနေတာ၊ ဂျိုင်ရိုကော်ပတာကလည်း ရက်ပေါင်း ဘယ်လောက်ရှိမှန်းကို မသိဘူး။ တစ်ခါလာရင် ၃စီးနဲ့ တစ်နေ့ကို ၄ကြိမ်လောက် လာချနေတာပါ။ ကျနော်တို့ကလည်း ပွိုင့်ဖိုက်ရော W89တွေနဲ့ ပစ်ချနေတာပါ။ ကိုယ့်ဘက်က ကျည်ချွေတာရပေမယ့် ထိတာတွေရှိပါတယ်။” လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ 

MGY PDF နှင့် မြိုင်ပကဖတပ်ဖွဲ့ဝင်များ ဂျိုင်ရိုကော်ပတာ ပစ်ချနိုင်ဖို့ လုပ်ဆောင်နေစဥ်

အရင်ကလည်း ပါရာမော်တာ ခေါ် စက်တပ်လေထီး ၁ စင်းကို ပစ်ချခဲ့ဖူးတာကြောင့် အခု ဂျိုင်ရိုကော်ပတာတွေကိုလည်း ထိထိရောက်ရောက် ပစ်ချနိုင်မယ်လို့ မြိုင်ပကဖက ယုံကြည်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အင်အား ၂၀၀ ကျော်နဲ့ထွက်ခွာလာပြီး တော်လှန်ရေးတပ်တွေနဲ့ပေါက်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။

ဒီနေရာမှာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုနဲ့ လျှို့ဝှက်မြေမြှုပ်မိုင်းတွေကြောင့် အထိနာထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကတဆင့် ဂျိုင်ရိုကော်ပတာတွေ၊ ဒရုန်းတွေအသုံးပြုရင်း ဆက်တိုက်ဗုံးကြဲနေကြောင်း သိရပါတယ်။

စစ်အုပ်စုဟာ သူတို့အထိနာမှုနဲ့အတူ  မုံရွာအနောက်မြောက်ပိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာတွေ အသုံးပြု လေကြောင်းတိုက်ခိုက်နေပြီး အရပ်သားကျေးရွာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၂၄ရက် မနေ့က နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း မြိုင်နဲ့ပေါက်အစပ်က လက်ပံတိုရေနှံမှော်နဲ့ ရွာသစ်ကုန်းရွာတွေကို ဂျိုင်ရိုကော်ပတာ ၅စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား နေအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်ချုပ်ရေးယန္တရားရှိရာ တောင်ဒဂုံမြို့နယ် တရားရုံးကို အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က စစ်အုပ်စုလက်အောက်ခံ တရားရုံးကို (ဇွန်လ ၇ရက်) မနေ့ညပိုင်းမှာ အဝေးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို အုတ်ဂူတွေမှာကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ သုသာန်တစ်ခုမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို လိုက်ကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။
Read More

တော်လှန်ရေးအတွက် အကြီးမားဆုံးအခက်အခဲများထဲ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ဟု TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ပြော

လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

လူပေါင်းရာနဲ့ချီ သေဆုံးထားသည့် ပဇီကြီးရွာကို စစ်တပ်က ဗုံးထပ်ကြဲလို့ အရပ်သားများ ကြောက်ရွံ့ထိတ်လန့်နေရ

လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲလို့ စစ်ရှောင်တွေကြား စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြန်လည်ဆိုးရွားလာကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ - ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။