မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ အထက်ပါတပ်ရင်းတွေထဲကို ၆၀ မမ လက်နက်ကြီးနဲ့ မစ်ဇိုင်းတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ တပ်ရင်းအတွင်းရှိ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ မသိရသေးဘူးလို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ ၁၊ ရင်း (၃) KNU ဇီးပြောင်းကျေးနယ်ကာကွယ်ရေးအဖွဲ့၊ ဒေါနတပ်ရင်းနဲ့ ပဲခူးခရိုင်လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ပဲခူးခရိုင် ပကဖ

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်း (ရုပ်/သံ)

မိုးကုတ်မြို့ လူနေရပ်ကွက်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးအား ပြည်သူများ အန္တရာယ်ကင်းစေဖို့ စနစ်တံဖြုတ်ရှင်းလင်းပေးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါ တယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေ (ရုပ်/သံ)

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။