ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ရက် မနေ့ညနေပိုင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အဆိုပါရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအပေါင်းအပါတွေ ရောက်ရှိနေချိန်ဖြစ်တာကြောင့် ရုံးရော လူတွေပါ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့် အဝေးထိန်းမိုင်း ၂လုံး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကို မဲရုံလုပ်ထားလို့ တိုက်ခိုက်တာပါ.. ရုံးတော့ တော်တော်ထိခိုက်ပျက်စီးသွားပါတယ်။ ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လှည်းကူးမြို့နယ်ရှိ လျာထားမဲရုံအား စစ်ဆေးနေသည့် စစ်အုပ်စုလက်ပါးစေများ (ဓာတ်ပုံ စစ်အုပ်စု)

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကျင်းပဖို့ ရက်နီးကပ်လာချိန် စစ်အုပ်စု စိုးမိုးထားတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ်ရှိလာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း  မဲရုံပြုလုပ်မယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီရုံးတွေကိုလည်း ပြောက်ကျားတပ်ဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်လာမှာစိုးတဲ့အတွက် စစ်အုပ်စုက ပျူစောထီးနဲ့ လူမိုက်တွေ ချထားအသုံးပြုလာတာမျိုးတွေလည်း ရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၂၁ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့မှာ ဂူသွင်းသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ယင်းမာပင်တပ်ရင်း - ၆ ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။