မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က နတ်မောက်မြို့တောင်ဘက် မြို့အဝင်ဂိတ်နဲ့ ၃ ဖာလုံအကွာမှာရှိတဲ့ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း နတ်မောက်မြို့ကနေ အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာပြီး တိုက်ပွဲ ၁ နာရီခွဲခန့်ဖြစ်ပွါးခဲ့ကာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ငါးပြေမပြောက်ကျားတပ်ဖွဲ့မှာ လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် “ငါးကလေးများ နတ်မောက်မြေမှာကူးခတ်မယ်”ကမ်ပိန်းပြုလုပ်ထားပြီး တော်လှန်မိဘပြည်သူတွေ ကမ်ပိန်းအောင်မြင်နိုင်ရေး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Video – ငါးပြေမ ပြောက်ကျားတပ်ဖွဲ့