မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက အောင်လံမြို့နယ် ရွှေပန်းတောတိုက်နယ်ရှိ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂိတ်စခန်းရှိ အကြမ်းဖက်စစ်သား ၈ ယောက်သေဆုံးပြီး စခန်းမျှော်စင်နဲ့ ကင်းတဲတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုပြည်ခရိုင် တပ်ရင်း (၂) နဲ့ သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် တပ်ရင်း (၂) က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ

0 Shares:
You May Also Like
Read More

မြိတ်ကနေ တနင်္သာရီဘက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါတွင် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချမှု စခန်းမှူးအပါ စစ်သား၊ ပျူ ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခရမ်းပျူစခန်းနဲ့ မြစ်သာဆည်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ မြစ်သာဆည်ရှိ စခန်းမှူးအပါအဝင် စစ်သားနဲ့ ပျူ ၆ ယောက်သေဆုံးခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။