တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မိုင်ခရိုဝေ့တောင်ပေါ်ကို သွားရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် အကြမ်းဖက်စစ်တပ်ဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် မနေ့က မနက်ပိုင်းမှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာက မိုင်ခရိုဝေ့တောင်ပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုတွေနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တို့ မိနစ်၂၀ ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မနက် ၁၀ နာရီအချိန်လောက်မှာ ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ ခုခံမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

“ဘယ်တပ်ကကောင်တွေလဲတော့ အတိအကျ မသိရဘူး။ သူတို့က လှေနဲ့ အင်အားတွေလာလာပို့တာ။ အင်အားက ၁၅ယောက်လောက်ရှိတာကို ဝင်ပစ်ခဲ့တာပါ။ လက်နက်တော့မရခဲ့ပါဘူး။” လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာ တပ်ဖွဲ့ဝင်များ

အဆိုပါပစ်ခတ်မှုထဲ စစ်အုပ်စုဘက်က ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၃ ယောက် သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၄ ယောက် ရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေအရ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေပြီး ဒေသခံတွေ စစ်ရှောင်ရတာမျိုးလည်း ရှိနေပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ကတော့ စစ်ရေးအရှိန်မြှင့်နေတဲ့ လက်ရှိအချိန်မှာ အရပ်သားတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေး‌ကောက်ပွဲအတုအတွက် နယ်မြေထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁၀ ဦးကျော်သေ

“မိုင်းက သူတို့လာမှာသိလို့ ကြိုတင်ထောင်ထားတာထက် ကျနော်တို့က အဲ့လမ်းပိုင်းကို ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်ထားတဲ့သဘောပေါ့နော်။ အဲဒီမိုင်းကွင်းထဲကို ဝင်လာတဲ့ စခတွေကို ကျနော်တို့ ဆွဲလိုက်တယ်။ နောက်ပြီး ကျနော်တို့ ပစ်တယ်။ အဲ့အချိန်မှာ သူတို့ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်တယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။