ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ထံကို စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF-Asho က‌ ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်သား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်းရှိ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်ကနေ CDF-Asho ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ ၃ဦးက စစ်မှုထမ်းတပ်သားတွေပါ။ သူတို့ မိသားစုဝင်တွေရော… သူတို့ရဲ့ အနီးတဝိုက်မှာ ကျနော်တို့ တပ်တွေရှိနေတော့ ဖုန်းတွေနဲ့တဆင့် ချိတ်ဆက်ပြီးတော့မှ ထွက်ပြေးလာဖို့၊ အလင်းဝင်လာဖို့ကို ညှိကြ၊ ပြောကြ၊ ချိတ်ဆက်ခဲ့ကြတာပါ” လို့  CDF – Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

စစ်တပ်ဟာ တရားမဝင် ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး မြန်မာနိုင်ငံအနှံ့က လူငယ်တွေကို တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်တာတွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။

ဒါ့အပြင် စစ်မှုထမ်းတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်‌တွေမှာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ အလင်းဝင်လာသူ တပ်သား ၃ ယောက်က ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်တပ်ကနေ ဒီထွက်ပြေးလာသူတွေကို သီးခြားရှာတာမျိုးတော့ မလုပ်လောက်ပါဘူး။ ရှေ့တန်း အချင်းချင်းပဲ မို့ အထူးတလည် ရှာနေတာမျိုး မလုပ်လောက်ပါဘူး။ သူတို့ ၃ဦးကတော့ မိသားစုထံ ပြန်မယ်လို့ ပြောပါတယ်” လို့ ဆလိုင်းရိုးချင်းက ဆိုပါတယ်။

နတ်ရေကန်စခန်းအနီး စစ်မြေပြင်က လူငယ်တွေအနေနဲ့ ချင်းကာကွယ်ရေးတပ်-အရှိုထံ ဘက်ပြောင်းချင်ရင် အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဘဏ်များလည်းပိတ်ထား၊အင်တာနက်​ အသုံးပြုသည့်လူငယ်များကို စစ်အုပ်စုကစောင့်ကြိုဖမ်းဆီးနေ…

"၂ပတ်ကျော်ပီ၊ ကြားထဲမှာ U9(ယခင်အော်ရီဒူး) က ရလိုက်၊ မရလိုက် ဖုန်းလိုင်းတော့ တစ်ခါတစ်ခါ ရပါတယ်။ ကျနော့်အမြင်ကတော့ စစ်ရေးအရရော ဒေသတွင်းတိုက်ပွဲကော၊ နိုင်ငံရေးအရ ရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်မယ်ဗျ။" လို့ ကလေးမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။