အကြမ်းဖက်စစ်တပ် ကျင်းပဖို့ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်  ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha Central Council က ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ပြည်သူပိုင်သိမ်းဆည်းခြင်းကို ချင်းလဲန်းကောင်စီ (Chinland Council) က တရားဝင်ပြဌာန်းထားတဲ့ “အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ” အခန်း (၄)၊ ပုဒ်မ ၁၆ အရ ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဆောင်ရွက်တာဖြစ်တယ်လို့  CDF-Hakha  ကဆိုပါတယ်။

ချင်းလဲန်းကောင်စီဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက ကြေညာခဲ့ပြီး ဆန့်ကျင်တားဆီးရေးဥပဒေကိုလည်း ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ အာဏာတည်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို အသုံးချနေတာဖြစ်တယ်လို့ CDF-Hakha က ထောက်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း အဆိုပါ ရွေးကောက်ပွဲဝင် ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းက ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူခြင်း ဒါမှမဟုတ် ဝယ်ယူခြင်းတွေ လုံးဝမပြုလုပ်ကြဖို့ CDF-Hakha က အလေးအနက် သတိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ် ပေါက်ကွဲသံကြားပြီးနောက် စစ်အုပ်စု ကျင်းပသည့် သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။