မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က ရမည်းသင်းမြို့နယ် သိမ်းကုန်းကျေးရွာအနီး ရမည်းသင်း-ရွှေမြင်တင်လမ်းရှိ အလှူခံမဏ္ဍပ်မှာ အလှူငွေထည့်ဖို့ ရပ်တန့်လိုက်တဲ့ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဆိုင်ကယ်ပေါ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးခဲ့ရပြီး အမျိုးသား ၂ ယောက်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် အမျိုးသား ၂ ယောက်လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Video – လူမှုကွန်ရက်