မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက အောင်လံမြို့နယ် ရွှေပန်းတောတိုက်နယ်ရှိ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂိတ်စခန်းရှိ အကြမ်းဖက်စစ်သား ၈ ယောက်သေဆုံးပြီး စခန်းမျှော်စင်နဲ့ ကင်းတဲတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုပြည်ခရိုင် တပ်ရင်း (၂) နဲ့ သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် တပ်ရင်း (၂) က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ