စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အသက် (၈၀) အရွယ် ဒေါ်သန်းမြ၊ အသက် (၇၅) နှစ်အရွယ် ဒေါ်ကျင်၊ အသက် (၂၅) ခန့်အရွယ် ကိုမင်းသန့်၊ အသက် (၁၄) နှစ်အရွယ် ကလေး ၁ဦး (စစ်ဘေးရှောင်)၊ အသက် (၇) နှစ်အရွယ် ကလေး ၁ ဦး၊ အသက် (၃၅) နှစ်အရွယ် ဒေါ်မာသွယ် (၇နှစ်ခန့် သမီး၏ အမေ)နဲ့ အသက် (၈၀) ကျော် အရွယ် ဒေါ်ခင်တင့် (ဒေါ်မာသွယ်၏ အမေ) စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင့် ဘုရားဝန်း၊ နေအိမ် ၄ လုံး၊ နွား ၁ ကောင်းနဲ့ ကား ၃ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ ပြည်သူတွေကို အကြောင်းမဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။

Video – Wetlet Informational Network

0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်ကျော် သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၈ ယောက်ကျော် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်မြို့ဖက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး၊ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရပါတယ်။
Read More

မဲဆောက်ဈေးအတွင်း မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်များ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာဈေးသည်အချင်းချင်း ရန်ပွဲဖြစ်ပွားပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

ရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၂ ရက်က ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အိမ်ဖြူတော်ရှေ့ အကြမ်းဖက်စစ်တပ်၏ အ‌တုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရှေ့မှာ နိုဝင်ဘာ ၂၂ ရက် မနေ့ကက အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
Read More

စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျည်ကာကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ တောင်ညိုတပ်ရင်း မေတ္တာရပ်ခံ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျပ်သိန်း ၁၀၀၀ ကျည်ကာ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ တောင်ညိုတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။