အကြမ်းဖက်စစ်တပ် ကျင်းပဖို့ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်  ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha Central Council က ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ပြည်သူပိုင်သိမ်းဆည်းခြင်းကို ချင်းလဲန်းကောင်စီ (Chinland Council) က တရားဝင်ပြဌာန်းထားတဲ့ “အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ” အခန်း (၄)၊ ပုဒ်မ ၁၆ အရ ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဆောင်ရွက်တာဖြစ်တယ်လို့  CDF-Hakha  ကဆိုပါတယ်။

ချင်းလဲန်းကောင်စီဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက ကြေညာခဲ့ပြီး ဆန့်ကျင်တားဆီးရေးဥပဒေကိုလည်း ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ အာဏာတည်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို အသုံးချနေတာဖြစ်တယ်လို့ CDF-Hakha က ထောက်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း အဆိုပါ ရွေးကောက်ပွဲဝင် ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းက ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူခြင်း ဒါမှမဟုတ် ဝယ်ယူခြင်းတွေ လုံးဝမပြုလုပ်ကြဖို့ CDF-Hakha က အလေးအနက် သတိပေးနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲများအတွင်း ခလရ (၄၇) တပ်ရင်းကို KIA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ တိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင် အရာရှိနှင့် တပ်သား အများအပြား သေဆုံးဟုသိရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ယခုရက်ပိုင်းအတွင်း တကြော့ပြန် ပြန်လည်ပြင်းထန်လာချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇) ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

နှစ်ကူးလွတ်ငြိမ်းခွင့်မှာ ကနဦးအတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်

မြန်မာနှစ်ကူးဖြစ်တဲ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက် ပါဝင်လာကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က‌ ကနဦး အတည်ပြု ထုတ်ပြန်လာပါတယ်။
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။