မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။

ဒီဇင်ဘာလအတွင်း ပေါက်မြို့နယ် ကပစ ၂၄ ကနေ ဇီးပြား၊ တရော်ကိုင်းစခန်းနဲ့ ပျူကျေးရွာတွေကို အင်အား ၂၀၀ ကျော်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျွန်းတိုင်း၊ စသိန်း၊ ဂွေးဂုံ၊ ဂဲပင်အင်း၊ ညောင်ရင်း၊ ဓာတ်တော် ကျေးရွာတွေက ပြည်သူလူထုတွေရဲ့ စားနပ်ရိက္ခာကို လုယက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးပြီး အများအပြား ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ယူဆောင် အလင်းဝင်ရောက်လာသူ ၄ ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း  MGY တပ်နဲ့ မြိုင်ပကဖ က ရဲဘော် ရောင်နီ ကျဆုံးပြီး ရဲဘော် နေဇော်၊ ရဲဘော် အရီးစိုး၊ ရဲဘော် ပျောက်ကြား၊ ရဲဘော် ချဉ်ပေါင်၊ ရဲဘော် လရိပ်၊ ရဲဘော် နဂါး၊ ရဲဘော် ငညီ၊ ရဲဘော် နယူတန်၊ ရဲဘော် ညိုကြီး၊ ရဲဘော် ကျားကြီး၊ ရဲဘော် ချစ်ပိန်နဲ့ ရဲဘော် ကာကာ တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ MAGWAY PDF၊ ပခုက္ကူခရိုင် PDF ရင်း (၁)နဲ့ တခြားသော မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ကပစ ၂၄ ကနေ လက်နက်ကြီးတွေ၊ FPV ဒရုန်းတွေ အသုံးပြုပြီး တော်လှန်ရေးတပ်နဲ့ စစ်ရှောင်ပြည်သူတွေကို တိုက်ခိုက်လျက်ရှိကာ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တော်လှန်‌ရေးတပ်ဖွဲ့တွေအနေနဲ့ ကပစ ၂၄ ကို ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေမှုအပေါ် ပြည်သူလူထုရဲ့ နှုတ်လုံမှုဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေကိုလည်း မကျင်းပနိုင်အောင် တပ်ဖွဲ့တွေ စေလွှတ်ထားပြီးဖြစ်ကြောင်း၊ အများပြည်သူအနေနဲ့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်စေဖို့ အသိရှိစွာနဲ့ လိုက်နာဆောင်ရွက်သွားစေလိုကြောင်း မြိုင်ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်တောင်ကျေးရွာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။