မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 

Facebook ရဲ့ အခုလို မြန်ဆန်တဲ့ အရေးယူဆောင်ရွက်မှုကို Justice For Myanmar က ကြိုဆိုလိုက်ပြီး ဒီလုပ်ဆောင်ချက်ဟာ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်ယန္တရားအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာတယ်လို့ JFM က ဆိုပါတယ်။ 

Meta ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်ကစတင်ပြီး မြန်မာစစ်တပ်၊ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကို Facebook၊ Instagram စတဲ့ ပလက်ဖောင်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ မူဝါဒကို ကျင့်သုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

Facebook ဟာ အရင်ကလည်း MITV နဲ့ ရတနာပုံသတင်းစာတို့ရဲ့ စာမျက်နှာတွေကို ဖယ်ရှားခဲ့ဖူးပြီး YouTube၊ Twitch နဲ့ Kick တို့မှာလည်း အလားတူ အရေးယူပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။ 

Justice For Myanmar က တခြားသော နည်းပညာကုမ္ပဏီတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ ဝါဒဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ ပလက်ဖောင်းတွေကို စစ်အုပ်စု အသုံးပြုနေခြင်းကို တားဆီးပိတ်ပင်ပေးဖို့လည်း ဆက်လက်တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

အလုပ်သမားနေ့တွင် AAC ရွှေ့ပြောင်းအလုပ်သမား ကယ်ဆယ်ရေးဂေဟာကို မြေပိုင်ရှင် လာရောက်ဖျက်ဆီး

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ AAC အဖွဲ့ရုံးကို အဆောက်အဦး တည်ဆောက်ထားရာ မြေပိုင်ရှင်က အဖွဲ့တစ်ဖွဲ့ ငှါးရမ်းကာ ဖျက်ဆီးစေခဲ့တယ်လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးထံက သိရပါတယ်။
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မှာ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦး တိုင်ကြားချက်အရ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ စျေးရောင်းနေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက တိုင်ကြားမှုတွေအရ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။ 
Read More

စစ်အုပ်စုလုပ်မည့် ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး အားလုံးပါဝင်ရမည်ဟု အိန္ဒိယပြော

"အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်၊ ရွေးကောက်ပွဲအပေါ် အများလက်ခံယုံကြည်မှုနဲ့ တည်ငြိမ်မှုအတွက် နိုင်ငံရေးအရ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ပါဝင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့၊ ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကို ရှေ့ရှုတဲ့ ကြိုးပမ်းမှုအားလုံးကို အိန္ဒိယက ဆက်လက်ပံ့ပိုးပေးသွားမယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။