မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ်၊ ပေါက်မြို့နယ်အစပ်နဲ့ မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၄ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားကာ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်၊

မြေပြင်မှာလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကနေ စတင်ထွက်ခွာလာပြီး မြိုင်နယ်အရှေ့ခြမ်းနဲ့ တောင်ပိုင်းကျေးရွာတွေကို စတင်ဝင်ရောက်ခဲ့ပါတယ်။ အဆိုစစ်ကြောင်းကြောင့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကမ္မမြို့ပေါ် ပြည်သူ ၁ယောက် သေဆုံးကာ နောက် ၁ ယောက်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဇောင်းဂျမ်းကုန်းရွာက နေအိမ် ၂၄ လုံးနဲ့ ဘာသာရေး အဆောက်အအုံ ၁ ခုကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာတော့ အဆိုပါစစ်ကြောင်းဟာ ကမ္မမြို့ကို ပြန်လည်ရောက်ရှိလာပြီး ကမ္မရဲစခန်းနဲ့ ဈေးဝန်းကျင်ရှိ နေအိမ်တွေကို မွှေနှောက်ကာ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီမနက် ၉ နာရီ – ၁၀ နာရီလောက်ကနေ စပြီးတော့ အင်အား ၁၂၀ လောက်က ကမ္မမြို့ပေါ်မှာ ဖြန့်ကျတ် နေရာယူထားပြီးတော့ ဈေးနားက လူတွေကို ဖမ်းဆီးတာ… ဈေးတလျှောက်က နေအိမ်တွေကနေ ပစ္စည်းတွေ ယူတာကို လုပ်နေကြတယ်။ ကျနော်တို့အနေနဲ့ကတော့ ဘယ်လောက်ပမာဏ ဘာတွေယူသွားလဲ ဘယ်လို ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး” လို့ အ‌ညာမြေတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်း ကမ္မမြို့ပေါ်ကို ပြန်ချိန်မှာ ပျူစောထီးကျေးရွာတွေက ဆရာမတွေနဲ့ ကျောင်းသူ/ သားတွေလည်း အဆိုပါစစ်ကြောင်းနဲ့အတူ ကမ္မမြို့ပေါ်ကို အတူလိုက်ပါသွားတယ်လို့ သိရပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်မှာ အင်အားအများအပြားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီး ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ဆေးရေးအကြောင်းပြကာ ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒူကရစစ်ကြောင်းထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဝါရစ်ကျေးရွာက စစ်တပ်စခန်းနဲ့ တုံး‌ဗျောစစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ‌တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ YOUNG WOLF PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။