မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကနေ စတင်ထွက်ခွာလာပြီး မြိုင်နယ်အရှေ့ခြမ်းနဲ့ တောင်ပိုင်းကျေးရွာတွေကို စတင် ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြောင်းရဲ့ အကြမ်းဖက်မှုကြောင့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကမ္မမြို့ပေါ် ပြည်သူ ၁ယောက် သေဆုံးကာ နောက် ၁ ယောက်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ ပခုက္ကူနယ်၊ ဇောင်းဂျမ်းကုန်းရွာက နေအိမ် ၂၄ လုံးနဲ့ ဘာသာရေး အဆောက်အအုံ ၁ခုကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာတော့ အဆိုပါစစ်ကြောင်ဟာ ကမ္မမြို့ကို ပြန်လည်ရောက်ရှိလာပြီး ကမ္မရဲစခန်းနဲ့ ဈေးဝန်းကျင်ရှိ နေအိမ်တွေကို မွှေနှောက်ကာ ပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီမနက် ၉နာရီ- ၁၀နာရီလောက်ကနေ စပြီးတော့ အင်အား ၁၂၀လောက်က ကမ္မမြို့ပေါ်မှာ ဖြန့်ကျတ် နေရာယူထားပြီးတော့ ဈေးနားက လူတွေကို ဖမ်းဆီးတာ… ဈေးတလျှောက်က နေအိမ်တွေကနေ ပစ္စည်းတွေ ယူတာကို လုပ်နေကြတယ်။ ကျနော်တို့အနေနဲ့ကတော့ ဘယ်လောက်ပမာဏ ဘာတွေယူသွားလဲ ဘယ်လို ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး” လို့ အ‌ညာမြေတပ်ပေါင်းစု သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်း ကမ္မမြို့ပေါ်ကို ပြန်ချိန်မှာ ပျူစောထီးကျေးရွာတွေက ဆရာမတွေနဲ့ ကျောင်းသူ/သားတွေလည်း အဆိုပါစစ်ကြောင်းနဲ့အတူ ကမ္မမြို့ပေါ်ကို အတူလိုက်ပါသွားတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်း လှုပ်ရှားနေချိန်နဲ့ တပြိုင်တည်းမှာပဲ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်၊ မြိုင်နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ခိုက်ရေး ဟယ်လီကော်ပတာတွေနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မြေပြင်မှာ စစ်ကြောင်းဝင်နေတဲ့ ရက်တွေတုန်းကတော့ စစ်ကြောင်းနောက်ကို ပစ်ကူပေးတာမဟုတ်ဘဲ တောင်ပိုင်းမှာ စစ်ကြောင်းဝင်ရင် မြောက်ပိုင်းမှာ လေကြောင်းနဲ့.. မြိုင်နဲ့ပေါက်နယ် အစပ်က ရေနံမှော်တွေထဲကို ဗုံးကြဲတာပေါ့…. အဲ့လို ၂ပိုင်းခွဲပြီး လုပ်သွားတာပါ” လို့ ကိုဘိုဘိုသန့်ဇင်က ရှင်းပြပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၂ ယောက်ထက်မနည်း သေဆုံးကာ ၄ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် မြေပြင်စစ်ကြောင်းထိုးချိန်ကနေ ကမ္မမြို့ပေါ်ကို စစ်ကြောင်း ပြန်လည်ဆုတ်ခွာချိန်အထိ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လေကြောင်းတိုက်ခိုက်ခံရမှုများ ဆက်နေသည့် မြိုင်မှာ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ အရပ်သား ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး သာသနာရေးအဆောက်အုံတွေ ပြိုကျပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ၁ ယောက် အရေးပေါ်ကုသနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်စင်က မောင်းကို ပြောပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။