မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ စတင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံစဉ်မှာလည်း စစ်တပ်က ကန်ကြောက်ထိုးနှက်တာတွေ အပါအဝင် မတရားအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ သိရပါတယ်။

ကိုထက်မြတ်အောင် ဖမ်းဆီးခံရတဲ့နေ့ကစပြီး ဒီနေ့အထိတိုင် ကိုထက်မြက်အောင်ရဲ့ အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ သတင်းအစအန ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေနဲ့ ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ရဲ့  လက်ရှိအခြေအနေကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ တောင်းဆိုထားပြီး ကိုထက်မြတ်အောင်အပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ကိုထက်မြတ်အောင်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့လည်း မဟာမိတ်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးတွင် ဆေးကြောင်ပြီး ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။