မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၂ရက် မနေ့ညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ဆင်ဖြူကျွန်းမြို့နဲ့အနီးတဝိုက်ကို စစ်အုပ်စုက ဗုံးအလုံးရေ ၆၀ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“မနေ့ည ၁၀နာရီကျော်လောက်မှာ ဆင်ဖြူကျွန်း နွယ်တမယ်တံတားဘက်ကို လေကြောင်းနဲ့ ဗုံးကြဲပါတယ်။ ချောင်းဖြူဘက်ကနေစပြီး ဆုပ်လေဦးဘက်ထိ ကြဲလာတာပါ၊ ပြည်သူတွေ တညလုံးပြေးနေရတယ်။ ကြဲတာ ဗုံးသီး အလုံးရေ (၄၀) ကျော်တယ်။ မြစ်ဖက်ခြမ်းကိုလည်း ကြဲသွားသေးတယ်၊ ပြည်သူနေအိမ်တစ်လုံးတော့ ပျက်စီးသွားတယ်။ လူတွေကတော့ လောလောဆယ် ထိခိုက်မှုရှိမရှိ မသိရသေးဘူး၊ နောက်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့လည်း ဆင်ဖြူကျွန်းဘက်ကနေ ရမ်းသမ်းပစ်ခတ်နေပါတယ်” ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ ဆင်ဖြူကျွန်း နွယ်တမယ်တံတားပတ်ဝန်းကျင်နဲ့ ဆင်ဖြူကျွန်း ချောင်းပတ်ဝန်းကျင်နေရာတွေကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ရင်း Mi35 ရဟတ်ယာဥ်ကနေ စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ Y12 လေယာဥ်နဲ့ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးဘက်ကို ဗုံးသီး (၁၁) လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“စလင်းဘက်ကို လေယာဥ်က ၂စီးတက်လာတာ ဆင်ဖြူကျွန်း နွယ်တမယ်ဘက်နဲ့ စလင်းချောင်းမြောက်ဘက်က ဗုံးအလုံး ၂၀ကျော်လောက် ကြဲသွားတယ်။ ၁၀နာရီလောက်ထိပဲ ဆင်ဖြူကျွန်းဘက်မှာက ပတ်ပြီး ကြဲသွားတာပါ၊ ၁၁ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂စီးထပ်လာတယ်။ ဆင်ဖြူကျွန်း အနောက်ဘက်ခြမ်းကို စက်လက်နက်နဲ့ ပစ်ခဲ့ပါသေးတယ်၊ ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရသေးဘူး” လို့ ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ဒီနေ့မနက်ပိုင်းမှာ မင်းဘူးမြို့ဘက်ကနေ ဖောကား ၅စီးနဲ့ စလင်းမြို့ပေါ်ကို အင်အားတွေ ဖြည့်တင်းပေးခဲ့သလို မြို့အနှံ့ပျူစောထီးတွေနဲ့ပေါင်းပြီး တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အင်အား၂၀၀ ကျော်လောက်နဲ့ မြောင်းဘောင်လမ်းအတိုင်းထွက်ခွာရင်း ဆင်ဖြူကျွန်းမြို့ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာမှာ နွယ်တမယ်၊ ဆုပ်လေဦးလမ်းဆုံဘက်အရောက် တော်လှန်ရေးတပ်တွေနဲ့ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ပြည်သူ့ညီနောင်-စလင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအခြေအနေအရ ဆင်ဖြူကျွန်းမြို့ပေါ် ဝင်ပေါက်ထွက်ပေါက်တွေကို စစ်အုပ်စုက ပိတ်ဆို့ထားတာကြောင့် အရပ်သားတွေ ပိတ်မိနေပြီး စလင်း၊ ပွင့်ဖြူ ၂မြို့နယ်ပေါင်း စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ထောင်နဲ့ချီရှိကြောင်း၊ ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။