လက်ရှိ ပြည်သူတွေ စစ်ကော်မရှင်လို့ ခေါ်ကြတဲ့ အာဏာသိမ်းစစ်တပ် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံကြေညာလိုက်ပါတယ်။

စစ်ကောင်စီ (ခေါ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃၃ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာပြီး တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်က အမည်ပြောင်းလဲထားတဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထပ်မံကြေညာလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်တဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ယောက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
(၃) ဦးညိုစော
(၄) ဦးအောင်လင်းဒွေး
(၅) ဗိုလ်ချုပ်ကြီး မောင်မောင်အေး
(၆) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
(၇) ဦးသန်းဆွေ
(၈) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
(၉) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
(၁၀) ဗိုလ်ချုပ်ကြီးရဲဝင်းဦး



NUG အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အခုလို ကြေညာလိုက်ကာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းသွားမှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက စစ်ကော်မရှင်လို့ နာမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အရေးတကြီးလိုအပ်ကြောင်း The Sentry နဲ့ Justice For Myanmar တို့ကလည်း ပူးတွဲထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွား၊ စစ်ကား ၁ စီး ထိခိုက်ပျက်စီး…

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၂ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Aung San's Land Natmaukအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။