လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက် ဆိုးလ်မြို့၊ ဟန်နမ်းရှိ မြန်မာသံရုံးရှေ့မှာ “သွေးစွန်းနေသော မဲပုံးထဲတွင် ဒီမိုကရေစီမရှိနိုင်” ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုတဲ့အပြင် တရားမဝင် အာဏာသိမ်းမှုကို သက်တမ်းတိုးဖို့ ကြိုးစားနေတဲ့ လှည့်ကွက်တခုသာဖြစ်ကြောင်း၊ ရွေးကောက်ပွဲရဲ့ မတရားမှုကို ကမ္ဘာက သိအောင် အသံထွက်ပေးကြဖို့နဲ့ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒထုတ်ဖော်မှုကို ပံ့ပိုးကူညီပေးကြဖို့ ကိုးရီးယား အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို‌ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

“အကြမ်းဖက်စစ်အုပ်စုက ဘယ်လိုပဲ ရွေးကောက်ပွဲ လုပ်စေကာမူ မြန်မာပြည်သူက လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဟာ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒမပါဘဲ မဖြစ်နိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ကျနော်တို့ ကိုးရီးယားက မီဒီယာတွေမှာ ထည့်သွင်းပြီးလုပ်တာဖြစ်ပါတယ်။ ကျနော်တို့ကတော့ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ကျနော်တို့ တောင်ကိုးရီးယားရောက် တော်လှန်ရေးအဖွဲ့အစည်းတွေ… တော်လှန်ပြည်သူတွေအနေနဲ့ကတော့ အဆုံးထိ ဆက်ရှိသွားမယ်ဆိုတာလည်း ပြောချင်ပါတယ်” လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က မောင်းကို ပြောပါတယ်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့ ကိုရီးယားအခြေစိုက် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို  

ကိုရီးယားအရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အဆိုအရ အာဏာသိမ်းစစ်တပ်ကြောင့် အရပ်သား ၇၆၂၄ ယောက် သေဆုံးခဲ့ပြီး စစ်ရှောင်ဒုက္ခသည် ၃ သန်းကျော်ရှိနေတဲ့  အခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ ပဋိပက္ခတွေကိုသာ ပိုမိုကြီးမားစေလိမ့်မယ်လို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။ 

ဒါကြောင့် တောင်ကိုရီးယားအစိုးရအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ရွေးကောက်ပွဲအပြီး အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့ အလေးအနက်ထား တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်ကိုးရီးယားရှိ စစ်ကော်မရှင် သံရုံးအနီး ဆန္ဒပြပွဲကျင်းပဖို့ စီစဉ်ထားတာကြောင့် တောင်ကိုးရီးယားရောက် တော်လှန်ပြည်သူတွေအနေနဲ့ လာရောက် ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မှာ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပြန်အလှန် သဝဏ်လွှာ ပေးပို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှု တရုတ်က အခိုင်အမာ ထောက်ခံ ပံ့ပိုးပေးဟု အကြမ်းဖက်ခေါင်းဆောင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။