စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့‌ခြမ်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးပိုင်း ၂ ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ယောက် သေဆုံးပြီး ထိခိုက်သေဆုံးသူတွေ ထပ်တိုးလာနိုင်ခြေရှိကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့ညနေပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ဘက်၊ ငါးပတ်ချောင်းကျေးရွာကို မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ခန့် ဗုံသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ငါးပတ်ချောင်းရွာကို လေကြောင်းတိုက်မှု ၃ကြိမ်နဲ့အတူ ဗုံးသီးတွေကြဲချခဲ့တာကြောင့် ရွာဘုရားဝန်း ပျက်စီးပြီး နေအိမ် ၄ လုံး မီးလောင်သွားခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

လေကြောင်းဒဏ်ကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်နဲ့ အသက် ၂၅ နှစ်ခန့်အရွယ် ကိုမင်းသန့်တို့ နေရာတင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် နွား ၁ ကောင် သေကာ ကား ၃ စီးလည်း ပျက်စီးခဲ့ပါသေးတယ်။

“၃ကြိမ်တိုက်ခိုက်ခဲ့တာမှာ ပထမ ၁ ကြိမ်က ၂လုံးတွဲချတယ်။ နောက်ထပ် ဒုတိယနဲ့ တတိယကတော့ ၁ ကြိမ်စီပေါ့။ စုစုပေါင်း ဗုံးသီး၄လုံးပါ။ ကနဦးသိရတာက သေတာ ၃ ယောက်ပေါ့နော်။ နောက်ပြီး ကျနော်ကြားတာ ဗုံးခိုကျင်းထဲမှာပါ ပိတ်မိပြီး သေတဲ့သူတွေလည်း ရှိပါသေးတယ်။ ထိခိုက်ဒဏ်ရာ ရထားတာကတော့ ၇ ယောက်လောက်ရှိတယ်” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိကြောင်းနဲ့ တိုက်ခိုက်မှုအပြီး စစ်အုပ်စုက ကင်းထောက်ဒရုန်းနဲ့ပါ အခင်းနေရာကို ကင်းထောက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယပတ်ထဲ ဝက်လက်နဲ့ ထိစပ်နေတဲ့ မင်းကွန်းဒေသမှာ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို နောက်လှန်ပြေးရတဲ့အထိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီးတဲ့နောက် စစ်အုပ်စုက စစ်ကြောင်းတွေ အပြိုင်ထိုးနေပြီး လေကြောင်း ဆက်တိုက် တိုက်ခိုက်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့‌မြောက်ခြမ်း၊ ထုံးဘိုကျေးရွာတောင်ဘက်မှာရှိတဲ့ သန်းကုန်းတောတိုက် အနီးတဝိုက်ကို စစ်တပ်က တံတားဦးတက် ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတွေထိခိုက်ခဲ့ပါသေးတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ (ဓာတ်ပုံ Wetlet Informational Network)

0 Shares:
You May Also Like
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

ပေါင်းတည်တွင် အကြမ်းဖက်စစ်တပ် စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ဝဲကြီးဆည်ဘောင်ကနေ သိမ်ကုန်းတာဝါတိုင်စခန်းကို အင်အားဖြည့်ဖို့ စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး စစ်လက်နက် ပစ္စည်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ပေါ်တွက် တည်ရှိသည့် စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပကဖ   မွမ်းမံသင်တန်း ပြုလုပ်နေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်အသစ်တွေနဲ့ ပကဖ ရဲဘော်ဟောင်းတွေကို စုပေါင်းပြီး အပတ်စဉ် (၃) အခြေခံစစ်ပညာ မွမ်းမံသင်တန်း ပြုလုပ်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ…

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်က ကုန်းမြင့်သာယာ ရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။