ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလ ၃ လကြာမြင့်ခဲ့ပြီး ကိုယ်စီ ပညာရပ်၊ ကိုယ်ကာယနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးသင်ခန်းစာ၊ နိုင်ငံရေးသင်ခန်းစာ၊ ဆက်သွယ်ရေးသင်ခန်းစာ၊ အခြေခံဆေးပညာနဲ့ မိုင်းပညာရပ်တို့ကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲအခမ်အနားကို နည်းဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ခွဲတွေက တာဝန်ရှိသူတွေ၊ ပကဖ တာဝန်ခံတွေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ တပ်မှူး တာဝန်ခံတွေ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ 96 soldiers PDFနဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) တပ်ဖွဲ့တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Video – ပဲခူးရိုးမ Pdf – ဗျူဟာ ၂၂