မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့စစ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်တယ်လို့ People’s Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ကြိမ်နဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ တစ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး  ပြည်သူ့စစ် ၁ ယောက် MA-4 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး  မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF) က ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ပြည်သူ့တော်လှန်ရေး ရဲဘော် ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)နဲ့ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – People’s Democratic Army

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က ဆောက်လုပ်ရေးဝန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေပူကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များကို ခုခံတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် (၁၀၀၉) တပ်ရင်း အင်းလေး PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိသားစုနှင့် ပြန်ဆုံဖို့ CDM မှာ ပါဝင်စို့ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်တပ်ထဲ ရောက်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြတဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်း ပြည်သူ့စစ် ၃ ယောက်ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

ကျောက်တံခါးမြို့ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Spring Warriors Column က  သတင်းထုတ်ပြန်ထားပါတယ်။