မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးည်ကြီးကျေးရွာရှိ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာရှိ စစ်အုပ်စုတိုက်နယ်စခန်းကို တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တပ်စခန်းထဲရှိ စစ်သားတွေ နေရာယူထားတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ စခန်းပြင်ပမှာ နေရာတွေကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအချိန်ကြာလာတဲ့အတွက် စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ စက်တပ်လေထီးယာဉ် ၄ စီး လာရောက်ပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွ အများအပြား သေဆုံးခဲ့ပြီး မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း လက်ရုန်း Drone တပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – TharToe Han

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အကယ်ဒမီပိုင်ဖြိုးသုက မတရား ချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်း စကား ပြောကြားခဲ့ပါတယ်။
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရင်း တရုတ်ရဲ့ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော အချင်းချင်း တိုက်မိ (ရုပ်/သံ)

အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။