စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းရှိ နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနေ့ညနေပိုင်းက ကောလင်းမြို့နယ် နတ်အင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးသီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းအတွင်းရှိ စစ်ရှောင်ပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နွား ၁ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ကောလင်းခရိုင်တပ်ရင်း၂

0 Shares:
You May Also Like
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ခိုက်နိုင်ဖို့ Black Panther Column မှ တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးနဲ့ ချေမှုန်းရေးတပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

စစ်မြေပြင်က ပြန်လာတဲ့ PLA ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်မြေပြင်ကနေ အောင်ပွဲနဲ့ ပြန်လာကြတဲ့ PLA ရဲဘော်တွေကို အညာဒေသခံပြည်သူတွေက 'ပြည်သူရင်ဖွား ပြည်ချစ်သား' ဆိုပြီး အော်ဟစ်ကြိုဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

သက်ရှိစည်းရိုးလို့  အကြမ်းဖက်စစ်တပ် အမွှန်းတင်ခဲ့တဲ့ ဥကရစ်ထစခန်းမှာ KNLA ပူးပေါင်းတပ်များ ကရင့်အမျိုးသားအလံ လွှင့်ထူ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ နံမည်ကြီး ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်အနုပညာရှင် ခါရာ တိုက်တွန်း (ရုပ်/သံ)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူတရပ်လုံး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်အနုပညာရှင် ခါရာက တိုက်တွန်းလိုက်ပါတယ်။ ဒီနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ဖြစ်ပြီး အဲဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။