အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NUG အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အဆိုပါ ကြေညာစာကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့နှစ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ အောက်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃၃ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

(၁) ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်

(၂) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

(၃) ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး

(၄) ဗိုလ်ချုပ်ကြီးရဲဝင်းဦး

(၅) ဗိုလ်ချုပ်ကြီးမြထွန်းဦး

(၆) ဗိုလ်ချုပ်ကြီး တင်အောင်စန်း

(၇) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်

(၈) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

(၉) ဖဒိုမန်းငြိမ်းမောင်

(၁၀) ဦးသိန်းညွန့်

(၁၁) ဦးခင်မောင်ဆွေ

(၁၂) ဒေါ်အေးနုစိန်

(၁၃) Jeng Phang နော်တောင်

(၁၄) ဦးမောင်းဟာ

(၁၅) ဦးစိုင်းလုံးဆိုင်

(၁၆) စောဒန်နီယယ်

(၁၇) ဒေါက်တာဗညားအောင်မိုး

(၁၈) ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

(၁၉) ဦးရွှေကြိမ်း

(၂၀) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

(၂၁) ဦးဝဏ္ဏမောင်လွင်

(၂၂) ဒေါ်ဒွဲဘူ

(၂၃) ပိုးရယ်အောင်သိန်း

(၂၄) ပူဂင့်ကမ်းလျန်

(၂၅) ဦးမောင်ကို

(၂၆) ဒေါက်တာအောင်ကျော်မင်း

(၂၇) ဒေါက်တာကျော်ထွန်း

(၂၈) ခွန်စံလွင်

(၂၉) ဦးရန်ကျော်

(၃၀) ဒေါက်တာမှုထန်

(၃၁) ဒေါက်တာဘရွှေ

(၃၂) ဗိုလ်ချုပ်ကြီး မောင်မောင်အေး

(၃၃) ဒုတိယဗိုလ်ချုပ်ကြီးညိုစော

NUG အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ ကြေညာချက်ပါ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေး ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စင်ပေါ်တွင် ညစ်ညမ်းစကားပြောဆိုသူအပါ ၁၃ယောက် အုပ်စုနှင့် ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်

နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။