ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို SSNDF / KNDF B-101 က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

တော်လှန်ရေးရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ဘေးကင်းစေဖို့နဲ့ ထိခိုက်မှုလျှော့ချနိုင်ဖို့ ကျည်ကာပြား၊ ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေ လိုအပ်နေပြီး SSNDF / KNDF B-101 က ” ကူ ၊ ကာ ၊ ကယ် ” ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရဲဘော်တွေရဲ့ အသက်ပေါင်းများကို ကာကွယ်ပေးနိုင်ဖို့ ထောက်ပို့ပြည်သူတွေအနေနဲ့ ပါဝင်အား ဖြည့်ပေးကြဖို့ SSNDF / KNDF B-101 တိုက်တွန်းနှိုးဆော်ထားပါတယ်။

Video – SSNDF / KNDF B-101

0 Shares:
You May Also Like
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

SSRY Eagle Force မှာ တာဝန်ထမ်းနေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်များက ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်‌ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SSRY Eagle Force မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်တွေက ကြိုဆိုဂုဏ်ပြုစကားတွေ အခုလိုပြောကြားခဲ့ကြပါတယ်။