စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖောင်းကတာဆည်နားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ဆားလင်းကြီးမြို့အတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို MB column၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၄၊၁၅၊၁၆၊၂၈) နဲ့ ဆာလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး PDF ရဲဘော် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Video – ယင်းမာပင်ခရိုင် တပ်ရင်း-၁