တိုင်းပြည်ရဲ့ ကောင်းပေ့ ညွန့်ပေ့ အရာမှန်သမျှကို ထိပ်ပိုင်းကနေ ခူးဆွတ်စားသောက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က စစ်သား မိသားစုဝင်တွေအနေနဲ့ ဝင်ငွေနဲ့ ထွက်ငွေ မျှတစွာ သုံးစွဲကြဖို့ မှာကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်က သူတို့စစ်တပ်အနေနဲ့ စစ်သားတွေရဲ့ သက်သာချောင်ချိရေးအတွက် လုပ်ဆောင်ပေးနေပြီး တစ်ယောက်ချင်းစီက ဝင်ငွေနဲ့ ထွက်ငွေ ညီညွတ်မျှတစွာ သုံးစွဲကြဖို့၊ အရက်၊ ဆေးလိပ်၊ ကွမ်း စတဲ့ အသောက်အစားတွေနဲ့ အပျော်အပါးတွေကို တတ်နိုင်သလောက်ရှောင်ရှားကာ ချွေတာကြဖို့ ပြည်တပ်နယ် စစ်သား မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်က အခုလို လူရှေ့သူရှေ့ ပြောနေပေမယ့် စစ်တပ်ထဲမှာ မူးယစ်ဆေးတွေ သုံးတဲ့သတင်း၊ ရှေ့တန်းစစ်မြေပြင်မှာ ဆေးကြောင်ပြီး ရှေ့တက်လာတာတွေ၊ ထွက်ပြေးလာတာတွေ မကြာခဏတွေ့နေရတာဟာ တပ်ထဲမှာ ဘယ်လိုတွေ ပျက်စီးယိုယွင်းနေလဲဆိုတာ တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ စစ်သားတွေရဲ့ လစာနဲ့ စရိတ်တွေ၊ ရိက္ခာတွေ ပြည့်ပြည့်ဝဝ ရရှိအောင်၊ အဆင့်အတန်းရှိရှိ ဝတ်စားဆင်ယင် နေထိုင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့အပြင် စစ်သား မိသားစုဝင်တွေရဲ့ ပညာရေးအတွက်လည်း ထောက်ပံ့ပေးနေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာပိုင်း ရစရာမရှိအောင် ကျဆင်းနေပြီး ပြည်တွင်းမှာလည်း အာဏာရှင် မလိုလားတဲ့ ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလိုအချိန်မှာ အမြဲတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားရမယ်လို့လည်း စစ်သားတွေကို မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။